ဘာမှ အလုပ်မလုပ်ချင်တဲ့ကောင်တွေ ခြင်ထောင်ထဲသွားကွေးနေကြ။ ကိုယ့်ပါတီကိုယ်သိမ်း၊ ကိုယ့်တပ် ကိုယ်ဖျက်ပြီး သင့်တော်ရာမှာ အခွင့်တောင်းပြီးနေကြ။ ပြည်သူတွေရဲ့ သွေးတွေ ချွေးတွေ ဘဝတွေကို စား သောက်မြိုဆို့ရတာ တော်တော်ပဲ ရသာရှိသလား။ အခုထိ မဝကြသေး ဘူးလား။ စေတနာမရှိရင် မလုပ် တတ်ရင် မလုပ်ချင်ရင် မလုပ်နဲ့။ တော်ရာမှာ သွားပြီးနေနိုင်တယ်။ ဖိုးမတန်တဲ့ ကောင်တွေ မင်းတို့ အကြောင်း ပြောရတာ ပါးစပ်သနတယ်။
တနေ့က ငါးနဲ့ပတ်သက်တဲ့အကြောင်း လိုက်ရှာတာ။ သူတို့ ပြည်ပကို ရောင်းချမြိုဆို့ထားတဲ့ သတင်း လေး လေးငါးပုဒ်လောက်ပဲတွေ့တယ်။ ငါးနဲ့ပတ်သက်ပြီး သုတေသနစာတမ်းတွေ၊ စစ်တမ်းတွေ၊ မှတ်တမ်း မှတ်ရာတွေ၊ လေ့လာသင်ယူစရာတွေဆိုလို့ ဘာဆိုဘာမှ မရှိဘူး။ ပင်လယ်ထဲက ရှိသမျှငါး အကုန်ဖမ်း ရောင်းစားဖို့ လောက်ပဲ တတ်ကြတယ်။ တာဝန်မသိ ဝတ္ထရားမသိတဲ့ အလကား ကလေကချေ အောက် တန်းစား မုဒိမ်းသမားတွေ။
မြန်မာ့အလင်း၊ ကြေးမှုံ၊ မန္တလေးစတဲ့ စိုးရသတင်းစာတွေဝက်ဘ်တွေကို သွားကြည့်ပါ၊ ဒီကောင်တွေ ဘယ်လောက် အလုပ်လုပ်လဲဆိုတာ သိပါလိမ့်မယ်။ သတင်းစာတောင် ပုံမှန်မတင်နိုင်တဲ့ ကောင်စားတွေ။ ကိုယ့် ကျိုးအတွက် ထုတ်ဝေနေတဲ့ သတင်းစာတောင် မှန်အောင်မတင်မှတော့ မင်းတို့ကောင်တွေပြောတဲ့ ပြည့်သူ့ အကျိုး၊ နိုင်ငံ့အကျိုးဆိုတဲ့ စကားက ယုတ္တိတန်သေးရဲ့လား။ အလကား ဗြောင်လိမ်ဗြောင်စား ရာဇ ဝတ်သားတွေ။
အလုပ်မလုပ်ချင်တော့ ဟိုဌာန ဒီဌာနအမျိုးမျိုးတပ်ပြီး ဘာဝန်ကြီး ညာဝန်ကြီးနဲ့ တရားဝင် ပြည်သူ့ ဘဏ္ဍာကို ခိုးစားနေတဲ့ ခွေးသူခိုးတွေ။ အဲဒီကောင်တွေကို ဒလိမ့်ခေါက်ကွေး ခွေးကျဝက်ကျအောင် ကန်ချ ပစ်ကြစမ်းပါ။ သမဒကြီး၊ အုတ်ကထကြီးနဲ့ ဦးဇီးချုပ်ကြီးနဲ့ ဘောမနေသူတွေတော့ နေကြပေ့စေ။ ဘယ် ခေတ်ဘယ်ခါမှာဆို ဒီလိုမင်းမြောင်ကပ်ပါး အလှေးအမွှားတွေဆိုတာ ရှိစမြဲပဲ။ မတန်မရာ ရင်ပြင်ပေါ်တက် လာတဲ့ ခွေးကျယ်တွေကို ကြိမ်ကျယ်ကြီး ရိုက်ဆုတ်ပစ်ကြ။ သူတို့ကို မှီခိုကပ်ရပ် စားသောက်နေတဲ့ အလှေး အမွှားတွေပါ သူ့အလိုလို ပါသွားလိမ့်မယ်။
ရဲဘော်ရဲဘက်စိတ်နဲ့ တော်လှန်ရေးသတိ အမြဲရှိစေ။
အရှင်ဓမ္မတိဏ္ဏ