တခါက ဆွမ်းစားရင်း စကားစမြည်ပြောကြတော့ ဦးသောဘိတက ဒကာမက ဘုန်းကြီးကို ဆေးခပ်ပြီး ဟင်းလှူတဲ့အကြောင်း ရောက်သွားတယ်။ ဒကာမက ခရမ်းချဉ်သီးသုပ်ထဲ ဆေးခပ်ပြီး ဆွမ်းကပ်တော့ ဘုန်းကြီး ကလည်း သိပ်မသင်္ကာတာနဲ့ ခရမ်းချဉ်သီးဖတ်ကို အနီးမှာရှိနေတဲ့ ကြောင်ကို ပစ်ကြွေးလိုက်သတဲ့၊ ကြောင်ကစား လိုက်တာနဲ့ တုံးခနဲသေသွားရောတဲ့။ ဒါနဲ့ ဘေးက ဦးသံပုဏ္ဏက ကိုယ်တော် ကြောင်က ခရမ်းချဉ်သီးမှ မစား တာလို့ စကားကို ထောက်တော့ ဦးသောဘိတက... "အာကွာ... ဘာဖြစ်ဖြစ် ကြောင်သေ သွားတာဘဲ" ဆိုပြီး ပြန်ပြောတာ့ ဝိုင်းရယ်မောကြရတယ်။ ဦးသောဘိစကားက ယုတ္တိမတန်။ ခရမ်းချဉ်သီး နေရာမှာ အသားဖတ် တခုခုဆိုရင်တော့ နားထောင်ကောင်းပါရဲ့၊ လက်ခံနိုင်စရာရှိပါရဲ့။
ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် ဗုဒ္ဓသာသနာဆိတ်သုဉ်းပြီး မွတ်နိုင်ငံဖြစ်မယ်လို့ ပြောတဲ့ စကားဟာလည်း ခရမ်းချဉ်သီးကြောင်စားတဲ့ ပုံပြင်လိုပဲ ယုတ္တိမတန်၊ လက်ခံနိုင်စရာမရှိ။ အခုလည်း ဘာ ဖြစ်ဖြစ် ဒေါ်စုတက်ရင်တော့ ကုလားပြည်ဖြစ်မှာပဲဆိုပြီး ကိုယ့်စကားကို မဆန်းစစ်ဘဲ ပြောမိပြောရာ ပြော နေကြတယ်။ ဘာမှမသိ အငိုက်မိသူများမှအပ ဒီလိုစကားတွေကို ဘယ်သူမှ လက်ခံမည်မဟုတ်။
အရှင်ဓမ္မတိဏ္ဏ