မန္တလေးတိုင်း၊ အမရပူရမြို့ တောင်မြို့
မဟာဂန္ဓာရုံကျောင်းတိုက်
သံဃာတော်များဦးဆောင်သော
မုန်းတိုင်းဒဏ်ခံဒေသ
အခမဲ့ဆေးကုသမှုအဖွဲ့၏ မှတ်တမ်း
လပွတ္တာမြို့နယ်ကျေးရွာအုပ်စုပေါင်း- (၅၀)
ကျေးရွာစုစုပေါင်း- (၅၁၂)
မဟာဂန္ဓာရုံ အခမဲ့ဆေးအဖွဲ့အကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော ကျေးရွာပေါင်း- (၃၂) ရွာ
ကျေးရွာစုစုပေါင်း၏- (၆.၅) ရာခိုင်နှုန်း
မဟာဂန္ဓာရုံအခမဲ့
ဆေးအဖွဲ့သို့
လာရောက်ပြသကြသောရောဂါအမျိုးအစားများ
1.
မုန်းတိုင်းလွန်
စိတ်ဖိစီး စိတ်ကျရောဂါ (PTSD) Post traumatic stress disorders.
2.
သွေးတိုးရောဂါများ
(Hypertension)
3.
အစာအိမ်ရောင်နာရောဂါများ
(Gastritis)
4.
အဆုတ်အအေးမိ၊
ပိုးဝင်ရောဂါများ (ARI)
5.
ရေပြားရောဂါများ
(Skin diseases)
6.
အသည်းရောင်ရောဂါများ
(Heart diseases)
7.
နှလုံးရောဂါများ
(Heart diseases)
8.
ဆီးချိုရောဂါများ
(Diabetes mellitus)
9.
ထိခိုက်ရှနာ
(Injuries)
10. ဆီးလည်းကြောင်းပိုးဝင်ရောဂါ (UTI)
11. ဗိုင်းရပ်စ်ကြောင့် ကြွက်သားအားပျော့ရောဂါ
(? Guillein Barre’s)
12. ဗိုင်းရပ်စ်ကြွားသားကိုက်ခဲနာ
(Viral Myalgia)
13. အာဟာရမပြည့်ဝလူနာများ (PEM)
14. ကိုယ်ဝန်ဆောင်မိခင်များ (Preganant
moms)
အဖြစ်များဆုံးရောဂါများ
(လာရောက်ပြသလူနာများမှ)
1.
မုန်းတိုင်းလွန်
စိတ်ဖိစီး၊ စိတ်ကျရောဂါ (PSD) 50% (အခြားရောဂါများနှင့်လဲတွဲ၍ တွေ့ရသည်။)
2.
သွေးတိုးရောဂါများ
(Hypertension) 40% (အခြားရောဂါများနှင့်လဲတွဲ၍ တွေ့ရသည်။)
3.
အစာအိမ်ရောဂါများ
(Gastritis) 20%
4.
အဆုတ်ပိုးဝင်
(hest infection) 20%
5.
အခြားရောဂါများ
(Other medica problems & injuries) 30 %
ခန့်မှန်းဆေးကုန်ကျစရိတ် (တစ်ရက်အတွက်)- 150,000 (ကျပ်တစ်သိန်းခွဲ)ခန့်မှန်း (12. 6. 08 မှ 2. 8. 08) ဆေးကုန်ကျစရိတ်- 7,000,000 (သိန်းခုနှစ်ဆယ်)
ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့သော ကျေးရွာများစာရင်း
၁။ ပျဉ်ထောင်တွင်း
အခြေပြုဆေးခန်း
ပျဉ်ထောင်တွင်း
သပြုကုန်း
ငါးခုတ်မ
ဥက္ကံ
၂။ ရွေး
အခြေပြုဆေးခန်း
ရွေး
ဘိုးမီ
ဂွေးချောင်း
မိကျောင်းအိုင်
၃။ ကညင်ကုန်း
အခြေပြုဆေးခန်း
ကညင်ကုန်း
စိုင်စု
အထက်ဆပ်ကူး
သပြုကုန်း
စစ်ကွင်း
ဆင်စု
ကြိုးကြာ
ဘုရားကွင်း
သနပ်ဖက်
၎။ ချမ်းသာအေး
ရွေ့လျားဆေးခန်း
ချမ်းသာအေး
|
၅။ အောင်ဖုန်း
ရွှေ့လျားဆေးခန်း
အောင်ဖုန်း
၆။ ရခိုင်ကုန်း
အခြေပြုဆေးခန်း
ရခိုင်ကုန်း
ကညင်တပင်
သိုင်းချောင်း
မလေးကြီးကုန်း
(၇) ကန့်မလာ
(ပိုက်တန်း) အခြေပြုဆေးခန်း
ကန့်မလာ
ထင်းပုံကွင်း
ရွှေမိတ်
အောင်လှ
အောင်ဖုန်း
စပါးကြီး
တာလီဖတော
ငါးဖယ်တရာ
၈။ ဇင်ရွဲအခြေပြုဆေးခန်း
ဇင်ရွဲကြီး
ဇင်ရွဲလေး
ကံကွင်း
|
ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့သော
လူနာဦးရေပေါင်း
၁။ ပျဉ်ထောင်တွင်း
B.C (12.06.08- 26.06.08) 1652
၂။ ရွေး
B.C (28.07. 08- 17.07.08) 337
၃။ ကညင်ကုန်း
C (10. 07. 08- 20. 7. 08) 796
၎။ ချမ်းသာအေး
M.C (17. 07. 08) 16
၅။ ရခိုင်ကုန်း
B.C (18. 07. 08- 20. 07. 08) 178
၆။ ကန့်မလာ
B.C (23. 07. 08- 28. 07. 08) 467
၇။ အောင်ဖုန်း
M.C (27. 07. 08) 59
၈။ ဇင်ရွဲ
B.C (30. 07. 08- 02. 08. 08) 228
စုစုပေါင်း 3733
BC. Base
Clinic အခြေပြုဆေးခန်း
MC
Moblile Clinic ရွေ့လျားဆေးခန်း
မဟာဂန္ဓာရုံကျောင်းတိုက်မှ
သံဃာတော်များဦးဆောင်သော
အခမဲ့ဆေးကုသမှုအဖွဲ့ဝင်များစာရင်း
၁။ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော်သံဃာတော်များ
၂။ ဆရာမဒေါ်ခက်ခက်နွယ် (သရုပ်ပြ၊ သတ္တဗေဒဌာန၊ ဆေးတက္ကသိုလ်၊ မန္တလေး)
၃။ ဒေါက်တာမြင့်ဦး (အတွင်းရေးမှူး၊ MMA မန္တလေးတိုင်း)
၎။ ဒေါက်တာဖြိုးဖြိုးသွင်
၅။ ဒေါက်တာရဲနိုင်စိုး
၆။ ဒေါက်တာစိန်လှိုင်ဝင်း
၇။ ဒေါက်တာစိုးနိုင်ထွန်း
၈။ ဒေါက်တာနှင်းဝေမွန်
၉။ ဒေါက်တာအောင်ဆန်းကျော်
၁၀။ ဒေါက်တာစိုင်းဇင်သွင်အောင်
၁၁။ ဒေါက်တာဇော်စိုးထိုက်
၁၂။ ဒေါက်တာစိုးမင်းထက်
၁၃။ဒေါက်တာမြသက်ဆွေ
၁၄။ ဒေါက်တာရှိန်ဌေး
၁၅။ ဒေါက်တာကျော်မြတ်သူ
၁၆။ ကိုသားငယ်
၁၇။ ကိုဟံသာညိမ်း
၁၈။ ဦးမြင့်အောင်
မှတ်တမ်းနှင့်
ခရီးစဉ် (၆. ၇. ၀၈- ၅. ၈. ၀၈)
-
(၆.
၇. ၀၈) တနင်္ဂနွေနေ့ညနေ ၇:၀၀ နာရီတွင် ဆရာတော် ဦးဃောသိတ၊ ဦးဓမ္မတိဏ္ဏ၊ ဦးကဝိ၊ ဒေါက်တာရှိန်ဌေး၊
ဒေါက်တာဖြိုးဖြိုးသွင်၊ ဒေါက်တာနှင်းဝေမွန်၊ ဒေါက်တာမြသက်ဆွေ စုစုပေါင်း (၇) ဦး၊ လပွတ္တာမြို့နယ်၌ရှိနှင့်သော
ဆေးအဖွဲ့ကို အားဖြည့်ရန် ရန်ကုန်မြို့မှနေ၍ စွမ်းအားရှင်ကားဖြင့် စတင် ထွက်ခွာသည်။
- (၇.
၇. ၀၈) တနင်္လာနေ့မနက် ၇:၀၀ နာရီတွင် လပွတ္တာမြို့သို့ ရောက်ရှိသည်။ အမှတ် (၄) ရပ်ကွက် ဓမ္မာရုံ
(ဆေးအဖွဲ့နားရာ) သို့ရောက်ရှိပြီး ဆရာတော်ဦးအရုဏ၊ ဦးအဂ္ဂမုနိ၊ ဦးဉာဏလောကတို့နှင့်
တွေ့ဆုံသည်။ နေ့လည်ဆွမ်းစားအပြီး (၁) နာရီခန့်တွင် ရွေးရွာသို့ စက်လှေဖြင့်သွားသည်။
ညနေ (၅:၃၀) တွင် ရွေးမြစ်ဝထိပ်၊ ရွေးရွာသို့ ရောက်ရှိသည်။ ရောက်နှင့်ပြီးသောဆေးအဖွဲ့မှ
ကိုသားငယ်၊ ဒေါက်တာ ဇော်စိုးထိုက်၊ ဒေါက်တာစိုးမင်းထက်၊ ဒေါက်တာ၊ ဒေါက်တာကျော်မြတ်သူတို့နှင့်
တွေ့ဆုံသည်။ ရွေးရွာတွင် ကုသခဲ့သောလူနာပေါင်း (၃၃၇) ယောက်ရှိသည်။
- (၈.
၇. ၀၈) အင်္ဂါနေ့ နေ့ခင်း၊ ၁၂:၀၀ တွင် ရွေးမှထွက်ခွာ၊ လပွတ္တာသို့ နေ့လည် ၂:၁၅ တွင် ရောက်ရှိ သည်။
ဆေးအဖွဲ့စုစုပေါင်း လူဦးရေမှာ (၁၄) ယောက်ဖြစ်သည်။ ၈. ၇. ၀၈ ညနေတွင် ကညင်ကုန်းရွာမှ
ရွာသူ၊ ရွာသားများမှ ဆေးကုသမှုအဖွဲ့ လာရောက်ကုသရန်အတွက် ဓမ္မာရုံသို့ လာရောက်ဖိတ်ကြားသည်။
ညနေပိုင်းတွင် ဒေါက်တာကျော်မြတ်ထွန်းနှင့် ဒေါက်တာစိုးမင်ထက်တို့ မန္တလေးမြို့သို့ ပြန်သည်။
- (၉.
၇. ၀၈) ဗုဒ္ဓဟူးနေ့ နေ့လည် ၂: ၀၀ နာရီတွင် လပွတ္တာမှ ကညင်ကုန်းသို့ စက်လှေဖြင့် စတင်ထွက်ခွာ သည်။
ကညင်ကုန်းသို့ ညနေ ၃:၃၀ တွင် ရောက်ရှိသည်။ ဆေးခန်းကို ဘုန်းကြီးကျောင်းဘေးတွင် ပြလုပ်သည်။
-
(၁၀.၇.၀၈)
ကြာသပတေးနေ့တွင် ဆေးခန်းကို နေ့လည် ၁၂:၀၀ တွင် ဖွင့်လှစ်သည်။ ကညင်ကုန်း၊ သပြုကုန်း၊
စိုင်စု အထက်ဆက်ကူးရွာတို့မှ လူအပေါင်း (၁၁၈) ဦးအား ဆရာဝန် (၅) ဦးနှင့်အဖွဲ့မှ ဆေးကု သမှုပေးခဲ့၊
အများဆုံးတွေ့ရသော ရာဂါများမှာ မုန်တိုင်းလွန် စိတ်ဖိစီးစိတ်ကျရောဂါ၊ သွေးတိုးရောဂါတို့ ဖြစ်သည်။
- (၁၁.
၇. ၀၈) သောကြာနေ့တွင် ဆေးခန်းကို မနက် ၈:၀၀ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ခဲ့ရာ လူနားဦးရေ
(၁၆၇) ခန့် လာရောက်ပြသခဲ့သည်။
- (၁၂.
၇. ၀၈) စနေနေ့တွင် ဆေးခန်းကို မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ရာ လူနာဦးရေ ၈၀
န့် လာရောက်ပြသခဲ့သည်။
- (၁၃.
၇. ၀၈) တနင်္ဂနွေနေ့တွင် ဆေးခန်းကို မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ခဲ့ရာ လူနာဦးရေ ၈၀ ခန့် လာရောက်ပြသဲ့သည်။
- (၁၄.
၇. ၀၈) တနင်္လာနေ့တွင် ဆေးခန်းကို မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ခဲ့ရာ လူနာ ဦးရေ
၈၀ ခန့်လာရောက်ပြသခဲသည်။ ဆရာတော်ဦးအရုဏ၊ ဦးဉာဏလောက၊ ကိုသားငယ်၊ ဒေါက်တာ ဇော်စိုးထိုက်တို့
ရန်ကုန်သို့ပြန်သည်။ ဆရာဝန် ၄ ဦးကျန်ခဲ့သည်။
- (၁၅.
၇. ၀၈) အင်္ဂါနေ့တွင် ဆေးခန်းကို မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ခဲ့လူဦးရေ ၈၀
ခန့် လာရောက်ပြသကြသည်။ ဆရာတော်ဦးဃောသိတ၊ ဒေါက်တာရှိန်ဌေး၊ ဦးမြင့်အောင်တို့ လပွတ္တာမြို့ပေါ်သို့ တက်၍
ဆေးပစ္စည်းဝယ်ဖြည့်၍ နောက်ထပ်ဆေးကုသမှုပေးနိုင်မည့် ကျေးရွာသွားရာ ချမ်းသာအေးရွာနှင့်
ရခိုင်ကုန်းတို့မှ ဆေးအဖွဲ့ကို လာရောက်ရန် ဖိတ်ကြားခဲ့သည်။
- ၁(၁၆.
၇. ၀၈) ဗုဒ္ဓဟူးနေ့တွင် အမရပူရ မဟာဂန္ဓာရုံကျောင်းအဆက်အသွယ်ဖြင့် ဒေါက်တာအောင် ဆန်းကျော်၊
ဒေါက်တာအောင်ထက်ထွန်း၊ ဒေါက်တာစိုင်းဇင်သွင်အောင်တို့ အင်အားဖြည့် ထပ်မံရောက်ရှိ ရာ
စုစုပေါင်း ဆရာဝန်ဦးရေ (၇) ယောက်ဖြစ်သွား။ ယနေ့တွင် လက်ရောက်ပြသသော လူနာဦးရေမှာ ၁၆၀
ဖြစ်သည်။
- (၁၇.
၇. ၀၈) ကြာသပတေးနေ့ မနက်တွင် ဆေးပစ္စည်းများ သိမ်းဆည်း၍ ကညင်ကုန်းရွာဘုန်းကြီး ကျောင်းသို့
ဝါဆိုသင်္ကန်းကပ်လှူသည်။ မနက် ၉ နာရီတွင် ကညင်ကုန်းမှ စက်လှေဖြင့် ထွက်ခွာသည်။ ဆေးအဖွဲ့အင်အားမှာ
ဆရာတော် ၂ ပါး၊ ဆရာဝန် ၈ ယောက်၊ ဦးမြင့်အောင် ပေါင်း ၁၀ ယောက်ဖြစ်သည်။ မနက ၁၀ နာရီတွင်
ပြန်မလော့မြစ်တဘက်ကမ်းရှိ ဘီတွတ်သို့ရောက်ရှိသည်။ ဆရာတော်ဦးဥတ္တမထံ ဖုန်းဆက်သွယ်ရာ
နောက်ထပ်လုပ်ငန်းစဉ်များ ညွန်ကြားသည်။ ပုသိမ်မြို့ ဒေါက်တာစစ်တင် (MMA) မှ မဟာဂန္ဓာရုံဆေးအဖွဲ့သို့
ကျပ်သိန်း (၅၀) တန်ဖိုးရှိ ဆေးပစ္စည်းများ လှူဒါန်းကြောင်း သိရှိရသည်။ မနက် ၁၁ နာရီတွင်
ချမ်းသာအေး (၁) ရွာသို့ရောက်ရှိပြီး ဆေးခန်းဖွင့်လှစ်ရာ လူနာ (၁၇) ဦးလာရောက် ပြသသည်။
ချမ်းသာအေးကျောင်းထိုင်ဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူသည်။
- (၁၇.
၇. ၀၈) နေ့လည် ၃၀ နာရီတွင် ချမ်းသာအေး (၁) မှ ပြန်လည်ထွက်ခွာပြီး ပြန်မလော့မြစ်ကမ်း ရှိ
ကညင်တပင်သို ညနေ ၄ နာရီတွင် ရောက်ရှိသည်။ ကညင်တပင် (ရခိုင်ကုန်း) တွင် ဆေးခန်းဖွင့်သည်။
- (၁၈.
၇. ၀၈) သောကြာနေ့ မနက် ၈ နာရီတွင် ဆေးခန်းစတင်ဖွင့်လှစ်သည်။ လူနာဦးရေ ၈၃ ယောက် လာပြသသည်။
ဆရာဝန်ဦးရေမှာ ၇ ယောက်ဖြစ်သည်။
- (၁၉.
၇. ၀၈) စနေနေ့မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဆေးခန်းဖွင့်လှစ်ရာ လာရောက်ပြသသော လူနာဦးရေမှာ
(၇၈) ယောက်ဖြစ်သည်။ ရခိုင်ကုန်းကျေးရွာ နာဂစ်မုန်တိုင်းအတွင်း ဆုံးပါးသူများအတွက် ရည်စူး၍
ဆွမ်းသွတ်အမျှဝေရာ ဆရာတော်ဦးဃောသိတမှ ရေစက်ချတရားချီးမြင့်ခဲ့သည်။
- (၂၀.
၇. ၀၈) တနင်္ဂနွေနေ့တွင် မနက် ၈ နာရီမှ ၁၀ နာရီအထိ ဆေးခန်းဖွင့်လှစ်ရာ လူနာ ၂၀ ဦး လာ ရောက် ပြသခဲ့သည်။
ရခိုင်ကုန်းရွာမှ လျှောက်ထားချက်အရ နာဂစ်ရေဘေးတွင် သေဆုံးခဲ့သူများအတွက် ဆရာတော်ဦးဃောသိတ၊
ဦးဓမ္မတိဏ္ဏတို့မှာ ရေစက်ချတရား ချီးမြှင့်ခဲ့သည်။ နေ့ခင်း ၁ နာရီခွဲတွင် ရခိုင် ကုန်းမှ
ဆေးအဖွဲ့ လပွတ္တာမှသို့ ပြန်လည်ထွက်ခွာသည်။ ဆေးအဖွဲ့ဝင်စုစုပေါင်း (၁၀) ယောက်ဖြစ်သည်။
ညနေပိုင်းတွင် ဒေါက်တာဖြိုးဖြိုးသွင်၊ ဒေါက်တာနှင်းဝေမွန်၊ ဒေါက်တာမြသက်ဆွေတို့ ရန်ကုန်သို့
ပြန်လည် ထွက်ခွာသည်။ ဆရာတော် ၃ ပါး၊ ဆရာဝန် ၄ ယောက်၊ အကူ ၁ ယောက် စုစုပေါင်းဆေးအဖွဲ့တွင်
၈ ယောက်ယောက်ကျန်သည်။
- (၂၁.
၇. ၀၈) တနင်္လာနေ့တွင် လပွတ္တာ၌ ဆေးပစ္စည်းဖြည့်သည်။ ထင်းပုံကွင်းအုပ်စု ကန့်မလာရွာမှ ရွာလူကြီးမှ
၎င်းတို့ရွာသို့ လာရောက်ဆေးကုသမှုပေးပါရန် ဖိတ်ကြားသည်။
- (၂၂.
၇. ၀၈) အင်္ဂါနေ့ ကန့်မလာရွာမှ လာရောက်ခေါ်ယူခြင်းမရှိ။
- (၂၃.
၇. ၀၈) ဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီတွင် လပွတ္တာ ကန့်မလာသို့ ရောက်ရှိသည်။ ကန့်မလာရွာ ရွာလူ ကြီးမှ
၎င်းတို့ရွာသို့ လာရောက်ဆေးကုသမှုပေးပါရန် ဖိတ်ကြားသည်။
- (၂၄.
၇. ၀၈) ကြာသပတေးနေ့တွင် မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဆေးခန်းဖွင့်ရာ လူနာဦးရေ ၆၁ ယောက်
လာရောက်ပြသသည်။
- (၂၅.
၇. ၀၈) သောကြာနေ့မနက် ၈နာရီမှ ညနေ ၆ နာရီအထိ ဆေးခန်းဖွင့်ရာ လူနာဦးရေ ၇၁ ယောက် လာရောက်ပြသကြသည်။
ဒေါက်တာနှင်းဝေမွန်နှင့် ဒေါက်တာမြသက်ဆွေတို့ ဆေးအဖွဲ့သို့ ပြန်လည်လာ ရောက်ပူးပေါင်းရာ
ဆရာဝန်ဦးရေ ၆ ယောက်ပြန်ဖြစ်သွားသည်။ ရွာလူကြီး၏ စီစဉ်မှုဖြင့် ပဋ္ဌာန်းရွတ်ဖတ် ပွဲကို
၂၅. ၇. ၀၈ မှ ၂၇. ၇. ၀၈ အထိ သုံးရက်အတွင်း ည ၈ နာရီမှ ည ၁၁ နာရီအထိ ပြုလုပ်ခဲ့သည်။
- (၂၆.
၇. ၀၈) စနေနေ့တွင် ဆေးခန်းကို မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ခဲ့သည်။ လူဦးရေ
၅၈ ယောက် လာရောက်ပြသသည်။
- (၂၇.
၇. ၀၈) တနင်္ဂနွေနေ့တွင် ဆေးခန်းဖွင့်လှစ်ရာ လူနာဦးရေ ၈၀ ယောက်လာရောကပြသသည်။ နေ့လည် ၁၂
နာရီတွင် ရွေ့လျားဆေးခန်းအဖြစ် အောင်ဖုန်းရွာသို့ သွားရောက်ဖွင့်လှစ်ရာ လူနာ ၅၉ ဦး
ကျန်းမာရးစောင့်ရှောက်မှု ခံယူခဲ့သည်။
- (၂၈.
၇. ၀၈) တနင်္လာနေ့တွင် မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဆေးခန်းဖွင့်လှစ်ရာ နာ ၅၀ ဦး လာရောက်ပြသသည်။
ည ၈ နာရီတွင် ဆရာတော်ဦးဃောသိတမှ တရားပွဲတပွဲ ချီးမြှင့်ခဲ့သည်။ ဇင်ရွဲရွာမှ ဆေးအဖွဲ့လာရောက်ကုသပါရန်
လာရောက်ဖိတ်ကြားခဲ့သည်။
- (၂၉.
၇. ၀၈) အင်္ဂါနေ့မနက်တွင် ကန့်မလာဘုန်းကျောင်းသို့ ဝါဆိုသင်္ကန်းကပ်လှူသည်။ ပြီးလျှင် ကန့်မလာမှ
ထွက်ခွာလာရာ ဇင်ရွဲရွာသို့ နေ့လည်း ၁၂ နာရီတွင် ရောက်ရှိသည်။ ယနေ့တွင် Mrelin အဖွဲ့မှ
ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်းသိရှိရသည်။
- ဇင်ရွဲကျေးရွာအတွက် ရန်ကုန်မြို့ရှိ စေတနာစုပေါင်း လှူဒါန်းရေးမှ
တန်ဖိုးနည်းအိမ်ရာများ ဆောက် လုပ်ပေးနေကြာင်း သိရှိရသည်။
-
-
(၃၀. ၇. သ၈) ဗုဒ္ဓဟူးနေ့တွင်
ဆေးခန်းဖွင့်လှစ်ရာ လူဦးရေ (၆၆) ရောက် လာရောက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခဲ့သည်။
- (၃၁. ၇. ၀၈) ကြာသပတေးနေ့တွင် ဆေးခန်းသို့ လာရောက်ပြသသောလူနာမှာ (၈၈) ယောက်ဖြစ် သည်။
-
(၁. ၈. ၀၈) သောကြာနေ့တွင် မိုးများသည်းထန်စွာ ရွာသွန်း၍ ဆေးခန်းသို့ လူနာ
(၁၁) ယောက်သာ လာရောက်ကြသသည်။
- (၂. ၈. ၀၈) စနေနေ့တွင် ဆေးခန်းသို့
လူနာ (၆၃) ယောက် လာရောက်ပြသသည်။ ဆရာတော် (၃) ပါးမှ ဇင်ရွဲရွာရှိ ရေဘေးသင့် သေးဆုံးသူများအတွက်
ရေစက်ချအမျှဝေတရားချီးမြှင့်ခဲ့သည်။ ဇင်ရွဲရွာရှိ သံဃာတော်များအားဝါဆိုသင်္ကန်းကပ်လှူခဲ့သည်။
- (၃. ၈. ၀၈) တနင်္ဂနွေနေ့ မနက်တွင် ဇင်ရွဲမှ လပွတ္တာသို့ ပြန်လည်ထွက်ခွာသည်။
လပွတ္တာမြို့ဓမ္မာရုံတွင် တရက်တာ ခေတ္တနားသည်။
- (၄. ၈. ၀၈) တနင်္လာနေ့တွင် ဆေးပစ္စည်းလက်ကျန် ဂျပ်ဖာ ၈၁ လုံးကို ဓမ္မာရုံမှနေ၍
ဘုရားကြီး အ နောက်ဘက်ရှိ နေမင်းတင် လမင်းတင် ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းသည်။ ညနေ
၅ နာရီတွင် လပွတ္တာ မြို့မှ ဆေးအဖွဲ့ ပြန်လည်ထွက်ခွာခဲ့သည်။
- (၅. ၈. ၀၈) အင်္ဂါနေ့နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့သို့ ဆေးအဖွဲ့ချောမောစွာပြန်လည်ရှောက်ရှိခဲ့သည်။
- (၈. ၈. ၀၈) သောကြာနေ့ညနေတွင် မဟာဂန္ဓာရုံဆေးအဖွဲ့ ရန်ကုန်မြို့မှ
မန္တလေးသို့ စတင်ထွက်ခွာခဲ့ သည်။
မဟာဂန္ဓာရုံဆေးအဖွဲ့
MAHARGANDARYON
free charge clinic
မုန်းတိုင်းဒဏ်ခံကျေးရွာများမှ လိုအပ်ချက်များ
၁။ စီးပွားရေး- မိသားစုအခြေခံလိုအပ်ချက်ဖြစ်သော လှေပိုက်ကဏန်းထောင်၊
မျိုးစပါး၊ ကျွဲနွား၊ ဓာတ်မြေ သြဇာများ လိုအပ်ခြင်း။
(၂) နေထိုင်အိမ်ရာများ-
မုန်းတိုင်းဒဏ်ခံတန်ဖိုးနည်းအိမ်ရာအဆောက်အဦများလိုအပ်ခြင်း။
(၃) လူမှုရေး-
အိမ်ထောင်ကွဲများ၊ သွားကွဲသမီးကွဲ၊ မိဘကွဲများအတွက် လူနေမှုစနစ်တကျ ဖြစ်စေရန် လိုအပ်ခြင်း၊
ဘာသာရေးနည်းစနစ်ပ။
(၄) ဘာသာရေး-
ဘုရားကျောင်းစေတီများ၊ ပြန်လည်တည်ဆောကခြင်း၊ သံဃာတော်များလိုအပ်ခြင်း။
(၅) ကျန်းမာရေး-
အဖြစ်များသော မုန်တိုင်းလွန် စိတ်ဖိစီး စိတ်ကျရောဂါ၊ သွေးတိုးရောဂါတို့အတွက် အဓိက လုပ်ဆောင်ရန်
လိုအပ်ခြင်း၊ သောက်သုံးရေသန့် ရရှိရန်လိုအပ်ခြင်း၊ ယင်လုံမြေတွင်းအိမ်သာများ လိုအပ်ခြင်း။
(၆) ပညာရေး-
စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရေး အခမဲ့ပညာသင်ကြားရေးစနစ်နှင့် အဆက် မပြတ်စေရေး၊
ဆရာ ဆရာမများ အတည်တကျ ရှိစေရန်လိုအပ်ခြင်း။
(၇) မုန်တိုင်းအချက်ပြစ်နစ်-
ရေတက်ခြင်း၊ လေပြင်းတိုက်ခြင်းတို့ သိရှိနိုင်သော အချက်ပြစနစ်တပ်ဆင်ရန် လိုအပ်ခြင်း၊
သဘာဝပတ်ဝန်းကျင်ကို အစဉ်သတိပြုရန် လိုအပ်ခြင်း။

