ကြီးလေမိုက်လေ ကျီးမိုက်တွေ

      တမာချိုစားချင်လို့များ သကာရေကိုများ သွားလောင်းမနေကြနဲ့။ တမာဆိုတာ ပင်ကိုယ်သဘာဝကိုက ခါးတာ။ အရွက်တင်ခါးတာမဟုတ်ဘူး။ အရွက်ကော အရိုးကော၊ အခွံကော အသားကော၊ အကာကော အနှစ်ကော၊ အတွင်းကော အပြင်ပါခါးတာ။ ဒီအခါးက ကြီးလာမှ ခါးတာမဟုတ်ဘူး။ ငယ်စဉ် ညှောက် တောက် ကတည်းကကို တာတေလန် အောင် ခါးတဲ့အမျိုး။

      တချို့လူတွေလည်းဒီလိုပဲ ငယ်စဉ်ကတည်းက သောင်းကြမ်းလာခဲ့တာ တချို့က ကံကောင်း ထောက် မစွာနဲ့ သေခါနီး ဆရာကောင်းသမားကောင်းတွေရဲ့ သြဝါဒတွေကို ကြားရပြီး နှလုံးသွင်းမှန်လို့ အသေကံ ကောင်းကြ တယ်။ တချို့ကတော့ အသက်ထွက်သည်တိုင်အောင် နှိက်စက်မှုဒဏ် အမျိုးမျိုးကို ခံရပြီး ဆင်း ဆင်း ရဲရဲနဲ့ လူဘဝဇာတ်လမ်း တခန်းရပ် ကြရတယ်။ မီးသွေးပုံကြားက ပေါက်ခေါင်းသား သွားလေသူ အာဏာရှင်လူ့ငနွား ဦးရေမြင်းကြီးကိုပဲ ကြည့်လိုက်ပါဦး။ သံဝေဂဉာဏ်သာ ရင့်သန်ရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် ကို ရနိုင်တဲ့ တရား တွေပါပဲ။

      ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာရှိတယ်။ လူနုံ၊ လူမွဲ၊ လူဆင်းရဲရှိတယ်။ သေရဦးမယ်၊ သတိထား။ ဒကာရွှေတို့ စိန်တို့.... ကိုယ့်မှာ အောက်လမ်းသမားတွေကောင်းမှုနဲ့ ဖုတ်ပေးတဲ့အသက်လေးပဲ ရှိတော့ တာကို သတိရကြပါနော်။ တသက်ပတ်လုံး၊ တဘဝလုံး စားနိုင်တုံး စားကောင်းတုံးချိန်ကလည်း စားခဲ့ သောက်ခဲ့ကြတာပဲ။ တော်ရောပေါ့။

      စားရတိုင်းသာ၊ ဝကြပါမူ၊ ဘယ်မှာသမုဒ်ကျယ်အံ့နည်း။ ရလေ လိုလေ ဗိုလ်စုတ်တွေပဲ မဟုတ်မလား။ သူကလည်း ပြန်ပြောမှာပေါ့။ မယားရှိတယ်၊ သမီးသားရှိတယ်၊ မျောက်ဝင်စားရှိတယ်၊ ဒူးမနာသားရှိတယ် ကြွေးရ သေးတယ်ရှင်ဘုရား... လို့။ တသက်လုံး အမှန်တရားနဲ့ ရန်ဖြစ်ပြီး ဘုရားဒကာအမည်ခံလာတာ၊ ဒီကိုယ်တော်က ပိစိညှောက် တောက်က ဘာမို့တုန်း။

      ဒါကြောင့် စကတည်းက တမာခါးကိုကာကွယ်ယူထားရတယ်။ တော်တော်ပဲခက်ပါတယ်။ ဒီကောင်တွေက ခြောက် လို့လဲ မကြောက်ဘူး၊ မြှောက်လို့လည်း မမြောက်ဘူး။ သတ္တိရှိလို့ ဆင်ခြင်တုံတရားရှိလို့ မကြောက် မမြောက် တာတော့ မဟုတ်ဘူးဗျ။ မိုက်ရူးရဲတွေရဲ့လက်ထဲ သေနတ်ရှိနေလို့ပါ။ ချောင်ပိတ်မိတဲ့ ခွေးများလို အစွယ်ထုတ်ပြ မာန်ဖီရတော့တာပဲ။ မြှောက်တိုင်းမြောက်ဖို့ ဆိုတာတော့ ဝေးပါသေးရဲ့။ နှစ်ရှည် လများ ခိုးခဲ့၊ လုခဲ့ရတဲ့ ထည့်မဆန့် အောင် အိတ်ကဖောင်းနေတော့ လေးလာပြီပေါ့။ အကုသိုလ်တွေလည်း များလှပြီလေ။ ငရဲပြည်ကလည်း ခေါ်လှ၊ ယမမင်းကြီးကလဲ မျှော်လှရောပေါ့။ ငရဲသားတွေကတော့ အဆင် သင့်ပါပဲ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တတ်တာ လောက်ကို အဟုတ်မှတ်နေကြတဲ့ ကောင်တွေ၊ ငရဲသား တွေက သူတို့ကို ကြက်ဆူဆီနဲ့ကြော်ဖို့ အသင့်စောင့်နေတာ ကိုတော့ မသိကြဘူး။ ချင်းတက်က ဆေးဖက် ဝင်လို့ တန်ဘိုး တက်လေလေ လူတို့က ကြိုက်လေစားလေပဲ။ ဒင်းတို့ ဘယ် လောက်ယုတ်မာယုတ်မာ ကိုယ့်သမီးသားကိုတော့ ချန်ကြသေးတယ်မဟုတ်လား။ ငရဲကတော့ မချန်ပါဘူးခင်ဗျာ။ ဒါကြောင့် ဒင်းတို့ ယုတ်မာလေလေ ငရဲသားတွေက ကြော်ကြ လှော်ကြဦးမှာပဲ။

ယော အတ္ထကာမဿ ဟိတာနကမ္ပိနော၊
သြဝဇ္ဇမာနော န ကရောတိ သာသနံ။
ကပေါတကဿ ဝစနံ အကတွာ
အမိတ္တဟတ္ထတ္ထဂတောဝ သေတီတိ။

      ယော- အကြင်သူသည်။ သြဝဇ္ဇမာနေ၊ အစီးပွားကို အလိုရှိသော စိတ်ကောင်းစေတနာဖြင့် ဆုံးမ လျက်။ အတ္တ ကာမဿ၊ အကျိုးစီးပွားကို အလိုရှိသော။ ဟိတာနုကမ္ပိနော၊ အကျိုးစီးပွားဖြင့် စောင့်ရှောက် တတ်သောသူ၏။ သာသနံ၊ အဆုံးအမကို။ နကရောတိ၊ နားမထောင်။ သော၊ ထိုသူတိုသည်။ အမိတ္တိဟတ္ထ ဂတော- ရန်သူ၏လက်သို့ရောက်ရသော။ ကာကောဝ၊ ကျီးကဲ့သို့၊ အနုသောစမာနော၊ သောကနှင့် တရိပ် ရိပ် လောင်းကျွမ်းလျက်။ သေတိ၊ အိပ်ရ၏။

ဟောပြတိုင်းသာ၊ ကျွတ်ကြပါမူ၊ ဘယ်မှာနတ်လူ ကျန်လိမ့်နည်း။

အရှင်ဓမ္မတိဏ္ဏ